ဆယ်ကျော်သက်လူငယ်တွေ i Vote မှာလား NO Vote လားဆိုဒါ
အဆိုတော် ၀ိုင်မြစ်ချိုသီချင်းလေးနားထောင်ပြီး ဆုံးဖြတ်ပေတော့။
လူငယ်တွေ တအုပ်ကြီး လျှောက်လာတဲ့ လမ်းမှာ အားလုံးက ကွက်ကြည့် ကွက်ကြည့်နဲ့။ သူတို့တွေရဲ့ အင်္ကျီတွေက ထူးဆန်းနေတာကိုး။
ပါးစပ်က မပြောပေမယ့် သွားတဲ့ လမ်းတလျှောက် အားလုံး ကြည့်သွားစေမယ့် အသံတိတ်နည်းနဲ့ မဲထည့်ဖို့ တိုက်တွန်းထားတဲ့ i Vote စာတန်းပါ တီရှပ် အင်္ကျီလေးတွေနဲ့ လူငယ်တွေကို ခုလိုတွေ့ရမှာပါ။
အသက် ၁၈ နှစ် ပြည့်ပြီးတဲ့ လူငယ်တွေ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးမယ် ဆိုတဲ့ သဘောနဲ့ i Vote စာတမ်းထိုးထား တီရှပ်တွေ ၀တ်ပြီး ရန်ကုန် မြို့လယ်မှာ သွားလာနေ ကြတာပါပဲ။
No Vote ဆိုပြီး မဲမပေးဖို့ တိုက်တွန်းထားတဲ့ သီချင်း၊ လက်ကမ်း ကြော်ငြာတာတို့ကို တုန့်ပြန်တာ တခုဖြစ်သလို ပိုထိရောက် တဲ့နည်းလမ်းတခုလို့ သိပုံရတယ်။
မဲသွားမပေးရေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ လှုပ်ရှားမှု ကမ်ပိန်းကို တန်ပြန် တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ i Vote (မဲပေးမည်) လှုပ်ရှားမှုလို့ လည်း ပြောကြပါတယ်။
ဆယ်ကျော်သက် လူငယ်တွေကို အသုံးချပြီး ကြံ့ဖွံ့ရဲ့ မဲပေးဖို့ စည်းရုံးရေး လုပ်တာလို့လည်း ပြောဆိုနေ ကြပေမယ့် ဘယ်လိုပဲ ပြောပြော လူငယ်တွေနဲ့ ဆင်တူ အင်္ကျီလေးတွေနဲ့ (သီချင်းသွင်းစရာ မလိုတော့ အာညောင်း သက်သာ၊ ကြော်ငြာခ ပုံပေး စရာမလို) နည်းလမ်း ဆိုတော့ လူ စိတ်ဝင်စားတာပေါ့ ...။
နရီလင်းလက်
http://www.irrawaddyblog.com/2010/10/i-vote_20.html
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago