လူငယ်တွေ အသည်းစွဲ ရော့ခ် အဆိုတော် မျိုးကြီး တယောက် အကျိုးပြုသီချင်း ဆိုနေပြီလို့ သိရပါတယ်။
စစ်အစိုးရရဲ့ ရုပ်သံမီဒီယာဖြစ်တဲ့ မြ၀တီ၊ မြန်မာ့ရုပ်မြင်သံကြားနှစ်လိုင်းလုံးကနေ အဆိုတော် မျိုးကြီးရဲ့ ငါတို့ရဲ့ ခွန်အား အကျိုးပြုသီချင်းကို မနေ့ညက ၁၀ နာရီ ၀န်းကျင် ကိုရီးယားဇာတ်လမ်းတွဲတွေမလာခင်မှာ လွှင့်သွားပါတယ်။
ဒီအကျိုးပြုသီချင်းကို နာမည်ကြီး တေးရေးဆရာ လင်းလင်းက ရေးစပ်ပေးထားတာလို့ သိရပါတယ်။
“နိုင်ငံတော်သစ်ကြီးဆီ သွားမယ် ဆိုတဲ့ စာသားတွေ ပါပြီး ရွေးကောက်ပွဲကို ထောက်ခံတဲ့ သီချင်းပုံစံမျိုး။ နာမည်ကြီး အဆိုတော်ရယ်၊ နာမည်ကြီး တေးရေးရယ် သုံးထားတော့ လူစိတ်ဝင်စားမယ်ဆိုတာ သိတယ်လေ။ သီချင်းပုံစံက Slow Rock အမျိုးအစား ” လို့ အမည်မဖော်လိုတဲ့ သတင်းထောက် တဦးက ပြောပြပါတယ်။
ကိုရီးယားဇာတ်လမ်းတွဲတွေ မလာခင်မှာ လူကြည့်များတဲ့ အချိန်ကိုရွေးပြသွားပြီး နာမည်ကြီးအဆိုတော်နဲ့ ဆိုထားတာ ဖြစ်လို့ ပြသချိန်မှာ လူတော်တော်များများစိတ်ဝင်စားကြတယ်လို့ သိရပါတယ်။
ယမန်နေ့ည ၈ နာရီ မထိုးခင်မှာ ပုံမှန်ပြသနေကြ ကိုးရီးယားဇာတ်လမ်းတွဲ ၃ ပိုင်းကို ၂ ပိုင်းပဲ ပြသခဲ့ပြီး ကျန်တဲ့ အချိန်မှာ နယ်ခြား စောင့်တပ်နဲ့ အင်တာဗျုးကို ပြသခဲ့ပါတယ်။
“ ကိုးရီးယားဇာတ်ကားကြည့်ချင်လို့ စောင့်ရတာ တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သီချင်း တွေကို ထပ်ခါတလဲလဲလာနေတာ။ ရေးပြီး အဆိုတော်သစ်တွေ ပန်ဆုပြည့်ကျော်၊ ပန်းအိဖြူ၊ သာထက်ပိုင်၊ ဘုန်းခန့် အများ ကြီးပါတဲ့ ရွေးကောက်ပွဲ သီချင်းကလည်း ခဏခဏပြတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ထောက်ခံတုန်းက မင်း ၁၈ နှစ်ပြည့် ပြီးပြီ လား သီချင်း ရေးပေးခဲ့တဲ့အဆိုတော် ကိုင်ဇာက ခု၂၀၁၀ ရွေးကောက်ပွဲ သီချင်းကိုလည်း ကိုယ်ပိုင်သံစဉ်ရှာပြီး ရေးထား တာလို့ပြောတယ် ” လို့ အဆိုပါ သတင်းထောက် က ဆက်ပြောသည်။
ပြည်တွင်းက ပရိတ်သတ်တွေလဲ မျိုးကြီးရဲ့ ငါတို့ရဲ့ခွန်အား သီချင်းလေးကို စောင့်ကြည့်ပြီး ထင်မြင်ချက်တွေ ပေးကြပါဦး။
နရီလင်းလက်
http://www.irrawaddyblog.com/2010/10/blog-post_8599.html
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
ဖတ်ရှု.လိုပါက(ဒီမှာနှိပ်ပါ)

ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး (စာအုပ်ဒီမှာနှိပ်ပါ)