
Kyodo သတင်းဌာန
ဇန်န၀ါရီ ၂၀၊ ၂၀၁၁
(photo - AP on Dec 7, 2010)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အင်တာနက် တရားဝင် တပ်ဆင်ခွင့် ရပြီဟု သူ၏ လုံခြုံရေးအရာရှိ ဦးဝင်းထိန်က ကျိုဒို သတင်းဌာနကို ယနေ့ ပြောသည်။
အစိုးရ၏ အင်တာနက်ဌာန ရတနာပုံ တယ်လီပို့ ၀န်ထမ်းများက နေအိမ်သို့ လာရောက်ပြီး တပ်ဆင်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။
မကြာသေးမီက ပေါ်ပေါက်လာသည့် ဆက်သွယ်ရေးဌာန၏ နောက်ဆုံးပေါ် အင်တာနက်လိုင်း ''McWill'' (MULTI Carrier Wireless Local Loop) ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် တပ်ဆင်သည့် အင်တာနက်လိုင်း နံပတ်မှာ ၀၀၀၀၁ ဖြစ်ကြောင်း၊ ထိုနံပါပတ်ကြောင့် McWill အင်တာနက်ကို ပထမဆုံး တပ်ဆင်ခွင့် ရသူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်ဟု အဓိပ္ပာယ် ရကြောင်း ဦးဝင်းထိန်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အင်တာနက် စမ်းသပ် သုံးစွဲခြင်း ရှိမရှိ မေးမြန်းရာ ယခု ချောင်းဆိုးသဖြင့် နေထိုင်မကောင်းကြောင်း၊ သက်သာလာမှ သုံးမည် ဖြစ်ကြောင်း ဦးဝင်းထိန်က ဖြေကြားသည်။
ပြီးခဲ့သည့်နှစ်က ထိန်းသိမ်းခံရမှုမှ ပြန်လွတ်လာစဉ် အင်တာနက် သုံးခွင့် လျှောက်လွှာတင်ခဲ့သော်လည်း စက်ပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် ငြင်းပယ်ခံရသည်။
McWill အင်တာနက်လိုင်းအတွက် ၆ သိန်း ၁ သောင်း (ဒေါ်လာ ၇၂၀ ခန့်) ပေးသွင်းရသည်။ တနာရီအသုံးပြုခ ဒဿမ ၅ ဒေါ်လာခန့် ကျသင့်သည်ဟု ဆိုသည်။
http://moemaka.com/index.php?option=com_content&task=view&id=8063&Itemid=1
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
ဖတ်ရှု.လိုပါက(ဒီမှာနှိပ်ပါ)

ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး (စာအုပ်ဒီမှာနှိပ်ပါ)