Wednesday 17 November 2010

မြဝတီမြို့မှာ ဟမ်းဖုန်းပြောသူတွေကို လိုက်ဖမ်းနေ

ပြီးခဲ့ နိုဝင်ဘာလ ၈ ရက်နေ့က စတင်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီ နအဖနဲ့ ဒီကေဘီအေ တို့ရဲ့ နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် မြဝတီမြို့ တချို့နေရာတွေ မီးလောင်ခဲ့ပါတယ်။

ခုချိန်အထိ မြဝတီမြို့မှာ မီးလောင်ခံထားရတဲ့ မီးသင့်ပစ္စည်းတွေကိုး သိမ်းဆည်းခြင်း မရှိ သေးပါဘူး။ မိုက်တီးအိတ်ကား ၂ စီး၊ ဆပ်ဖ်ကား ၁ စီး မီးလောင်ကျွမ်းထားတာကိုလည်း ခုချိန်ထိ မြင်တွေ့နေရတုန်း ဖြစ်ပါတယ်။

ယနေ့ ၁၇ ရက်နေ့ မြဝတီမြို့ထဲမှာ ဟမ်းဖုန်းနဲ့ ဆက်သွယ်ပြောဆိုနေသူတွေကိုလည်း လိုက်လံဖမ်းဆီးနေတယ်လို့လည်း သိရှိရပါတယ်။ မြို့ထဲမှာ အမြဲတမ်းကြားနေရတာ တော့ ညဘက် လာပစ်မယ်၊ ညဘက်လာပစ်မယ်နဲ့ ကောလဟာလ သတင်းများကို အမြဲလိုလို ကြားနေရတယ်လို့ မြို့ခံတဦးက ပြောပြပါတယ်။

http://www.naytthit.net/?p=4162